Social Distancing with Bike Distancing formula

Social Distancing with Bike Distancing formula

ကျွန်‌တော်တို့တွေ ကားမောင်းတဲ့အခါမှာ Brake Distance/ Stopping Distance
ဆိုတာရှိပါတယ်။

ဒါဆိုရင် ဆိုင်ကယ်တွေမှာရော Brake Distance မရှိဘူးလား ?

ရှိပါတယ် . . .ဒါပေမယ့် ကားရဲ့ Brake Distance ကိုတွက်ချက်ဖို့အတွက် အရှိန်ပေါ်မှာမူတည်ပြီး တွက်ချက်နိုင်ပေမယ့် ဆိုင်ကယ်တစ်စီးရဲ့ Brake Distance ကိုတွက်ချက်ရာမှာ အရှိန်အပြင် ဘရိတ်အုတ်တဲ့နည်းစနစ်နဲ့ မောင်းနှင်သူရဲ့ကျွမ်းကျင်မှုအပေါ်မှာ အများကြီးသက်ဆိုင်ပါတယ်။

- ဥပမာအနေနဲ့ 150 CC ဘီးတစ်စီးနဲ့ ဆိုင်ကယ်ကျွမ်းကျင်တဲ့ Professional Rider တစ်‌ယောက်နဲ့ သာမာန်ဆိုင်ကယ်စီးနှင်သူတို့ နှစ်‌ယောက်ကို 80 Km/h နှုန်းနဲ့မောင်းနှင်စေပြီး နည်းစနစ်မျိုးစုံနဲ့ ရပ်တန့်စေပါတယ်။

ပထမဆုံးအနေနဲ့ ဆိုင်ကယ်ကို ဂီယာသီးသန့်အသုံးပြုပြီးရပ်တန့်စေရာမှာ Pro Rider က မီတာ 100 ဝန်းကျင်ခန့်မှာရပ်တန့်နိုင်ပြီး သာမာန် Rider ကတော့ မီတာ 140 ခန့်မှာရပ်တန့်နိုင်ခဲ့ပါတယ်။

ဒုတိယနည်းလမ်းအနေနဲ့ ‌နောက်ဘရိတ်ကို အသုံးပြုပြီးရပ်တန့်စေတဲ့အခါ Pro Rider က မီတာ 60 ခန့်မှာရပ်တန့်နိုင်ခဲ့ပြီး သာမာန် Rider ကတော့ မီတာ 90 ခန့်မှာရပ်တန့်နိုင်ခဲ့ပါတယ်။ နောက်ဆုံးနည်းလမ်းအနေနဲ့ ရှေ့ဘရိတ်ကိုအသုံးပြုပြီးရပ်တန့်စေပါတယ်။

ဒီတစ်ကြိမ်မှာလည်း Professional Rider က ီတာ 20 ခန့်မှာ ရပ်တန့်နိုင်ပေမယ့် သာမာန် Rider ကတော့ မီတာ 40 ဝန်းကျင်မှာမှရပ်တန့်နိုင်ခဲ့ပါတယ်။ ဒီစမ်းသပ်ချက်မှာ Rider တွေရဲ့ Reaction Time ကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိဘဲ နည်းစနစ်တစ်ခုချင်းစီကို Rider တွေရဲ့ကျွမ်းကျင်မှုပေါ်မှာသာ စစ်ဆေးထားတဲ့စမ်းသပ်ချက်ဖြစ်ပါတယ်။

ဒီနေရာမှာ သတိထားမိတဲ့တစ်ချက်က တည်ငြိမ်တဲ့ဘီးကြီးတွေမှာ ရှေ့ဘရိတ်ကိုအသုံးပြုခြင်းက ထိရောက်မှုအားကောင်းပေမယ့် ‌မောင်းနှင်သူရဲ့ကျွမ်းကျင်မှု အပေါ်မှာလည်းအများကြီးမူတည်နေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဆိုင်ကယ်စီးနေချိန်မှာ Brake Distance နဲ့ Reaction time အတွက် အကွာအဝေး အလုံအလောက်ပေးထားသင့်ပြီး သင့်ဆိုင်ကယ် နဲ့ အကျွမ်းတဝင်ရှိနေဖို့လည်းလိုပါတယ်။ ဒါမှလည်း ကိုယ်သွားမယ့်လမ်းမှာ အန္တရာယ်ကင်းကင်းနဲ့ လိုရာခရီးကို ချောချောမွေ့မွေ့ရောက်ရှိနိုင်မှာပါ။

(zawgyi)

ကြၽန္‌ေတာ္တို႔ေတြ ကားေမာင္းတဲ့အခါမွာ Brake Distance/ Stopping Distance ဆိုတာရွိပါတယ္။

ဒါဆိုရင္ ဆိုင္ကယ္ေတြမွာေရာ Brake Distance မရွိဘူးလား ?

ရွိပါတယ္ . . .ဒါေပမယ့္ ကားရဲ႕ Brake Distance ကိုတြက္ခ်က္ဖို႔အတြက္ အရွိန္ေပၚမွာမူတည္ၿပီး တြက္ခ်က္ႏိုင္ေပမယ့္ ဆိုင္ကယ္တစ္စီးရဲ႕ Brake Distance ကိုတြက္ခ်က္ရာမွာ အရွိန္အျပင္ ဘရိတ္အုတ္တဲ့နည္းစနစ္နဲ႔ ေမာင္းႏွင္သူရဲ႕ကြၽမ္းက်င္မႈအေပၚမွာ အမ်ားႀကီးသက္ဆိုင္ပါတယ္။

- ဥပမာအေနနဲ႔ 150 CC ဘီးတစ္စီးနဲ႔ ဆိုင္ကယ္ကြၽမ္းက်င္တဲ့ Professional Rider တစ္‌ေယာက္နဲ႔ သာမာန္ဆိုင္ကယ္စီးႏွင္သူတို႔ ႏွစ္‌ေယာက္ကို 80 Km/h ႏႈန္းနဲ႔ေမာင္းႏွင္ေစၿပီး နည္းစနစ္မ်ိဳးစုံနဲ႔ ရပ္တန႔္ေစပါတယ္။

ပထမဆုံးအေနနဲ႔ ဆိုင္ကယ္ကို ဂီယာသီးသန႔္အသုံးျပဳၿပီးရပ္တန႔္ေစရာမွာ Pro Rider က မီတာ 100 ဝန္းက်င္ခန႔္မွာရပ္တန႔္ႏိုင္ၿပီး သာမာန္ Rider ကေတာ့ မီတာ 140 ခန႔္မွာရပ္တန႔္ႏိုင္ခဲ့ပါတယ္။

ဒုတိယနည္းလမ္းအေနနဲ႔ ‌ေနာက္ဘရိတ္ကို အသုံးျပဳၿပီးရပ္တန႔္ေစတဲ့အခါ Pro Rider က မီတာ 60 ခန႔္မွာရပ္တန႔္ႏိုင္ခဲ့ၿပီး သာမာန္ Rider ကေတာ့ မီတာ 90 ခန႔္မွာရပ္တန႔္ႏိုင္ခဲ့ပါတယ္။ ေနာက္ဆုံးနည္းလမ္းအေနနဲ႔ ေရွ႕ဘရိတ္ကိုအသုံးျပဳၿပီးရပ္တန႔္ေစပါတယ္။

ဒီတစ္ႀကိမ္မွာလည္း Professional Rider က ီတာ 20 ခန႔္မွာ ရပ္တန႔္ႏိုင္ေပမယ့္ သာမာန္ Rider ကေတာ့ မီတာ 40 ဝန္းက်င္မွာမွရပ္တန႔္ႏိုင္ခဲ့ပါတယ္။ ဒီစမ္းသပ္ခ်က္မွာ Rider ေတြရဲ႕ Reaction Time ကို ထည့္သြင္းတြက္ခ်က္ထားျခင္းမရွိဘဲ နည္းစနစ္တစ္ခုခ်င္းစီကို Rider ေတြရဲ႕ကြၽမ္းက်င္မႈေပၚမွာသာ စစ္ေဆးထားတဲ့စမ္းသပ္ခ်က္ျဖစ္ပါတယ္။

ဒီေနရာမွာ သတိထားမိတဲ့တစ္ခ်က္က တည္ၿငိမ္တဲ့ဘီးႀကီးေတြမွာ ေရွ႕ဘရိတ္ကိုအသုံးျပဳျခင္းက ထိေရာက္မႈအားေကာင္းေပမယ့္ ‌ေမာင္းႏွင္သူရဲ႕ကြၽမ္းက်င္မႈ အေပၚမွာလည္းအမ်ားႀကီးမူတည္ေနပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ဆိုင္ကယ္စီးေနခ်ိန္မွာ Brake Distance နဲ႔ Reaction time အတြက္ အကြာအေဝး အလုံအေလာက္ေပးထားသင့္ၿပီး သင့္ဆိုင္ကယ္ နဲ႔ အကြၽမ္းတဝင္ရွိေနဖို႔လည္းလိုပါတယ္။ ဒါမွလည္း ကိုယ္သြားမယ့္လမ္းမွာ အႏၲရာယ္ကင္းကင္းနဲ႔ လိုရာခရီးကို ေခ်ာေခ်ာေမြ႕ေမြ႕ေရာက္ရွိႏိုင္မွာပါ။

Tags

/body>